" မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ခင်ဗျာ အိပ်မက်နိဒါန်း မှ လှိုက်လှဲစွာကြိုဆိုပါတယ် "

ရိုက်ချက်များ

ရိုက်ချက်များ
ကျိုက်ထီးရိုး

Sunday, December 25, 2011

Tuesday, October 25, 2011


Wednesday, December 1, 2010


Saturday, October 2, 2010

Tuesday, August 31, 2010

အတို အရှည်

သူငယ်ချင်း
အေးခဲနေတဲ့ အတ္တမြစ်တွေထဲက
မိုက်မဲမှုတွေအရည်ပျော်မကျခင်ထိ
ငါတို့ဟာ အကောင်းပကတိ ရိုးသားသူတွေပေါ့။

စကားလုံး အကြီးကြီးတွေနဲ့ ပစ်ပေါက်ရင်းအချိန်ဖြုန်း
ကိုယ့်ကိုကိုယ်တောင် မလုံခြုံတော့တဲ့ သစ္စာတရားနဲ့
အိပ်မက်ခါးခါးတွေ ထုဆစ်ရင်းတည်ဆောက်
အငှားမျက်နှာမှာ လျှံကျတဲ့ အပြုံးတပ်
လုပ်ဇာတ်တွေနဲ့ ချာချာလည်ရင်း
ဘဝမှားပေါ် ဆက်လျှောက် အသိပျောက်တဲ့ ငမိုက်သား
တနေ့ ဘယ်လမ်းကို ဆက်သွားမှာလည်း။    

ရှင်သန်ခြင်းနဲ့  သန့်ရှင်းခြင်း အမည်နာမကြား
မကွဲပြားတဲ့ အသိနဲ့မိုက်မှား အလကားပါဆိုတဲ့ အတွေးများနဲ့

စားနေတဲ့ ထမင်းရဲ့အရသာကို အဓိပ္ပါယ် ဘာမှန်းမသိ  
သန်းခေါင်ကျော် ညည ခေါင်းချလို့မှ အိပ်မပျော်ရင်
လူလိုဟန်လုပ်ပြီး အသက်ရှည်လည်း
အလကားအပိုတွေဘဲ။

သန့်ရှင်းတဲ့ ဘဝထဲမှာနေ ရိုးသားတဲ့ ဘဝထဲမှာသေဖို့
အပူအပင်ကင်းတဲ့ မနက်စာကို အခွင့်ရရင် အတူစားဖို့
လတ်ဆတ်တဲ့ ဖိတ်စာတစ်စောင်တော့
ငါပို့ဖြစ်အောင် ပို့လိုက်မယ်။

သုဇာဏီ

Friday, August 27, 2010

အချစ်

ပြောလေ မင်းတို့ ဆက်ပြော
ငါ့နှလုံးသားမှာ ဒါဏ်ရာတွေ ဗရပွနဲ့  ခါးသီးနာကျင်နေတောင်မှ
မင်ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ ပြောကြပါစေ
အဓိပ္ပါယ် မရှိဘူး
ဘဝဆိုတာ တနေကုန်တနေခမ်း
လွတ်လပ်မှူ့ ကို ရောင်းစားပြီးငွေရှာနေရတာ

နေပါစေ
ဘာတစ်ခုမှ မရခဲ့ရင်လည်း
ငါ့ကောင်းကင် တစ်ခုလုံးပြိုကျ
ငါ့နှလုံးသားပေါ် အက်စစ်မိုးတွေ ရွာနေရင်တောင်
စတေးခံရဲတယ်ဆိုတဲ့ အချစ်တွေနဲ့ 
့
နေပါစေ
ဘာတစ်ခုမှ အရာမထင်ရင်ခဲ့တောင်
အတူရှိခဲ့ဘူးတဲ့ တချိန်က အလွမ်းငွေ့ ငွေ့ တွေနဲ့  ကျေနပ်မယ်
ငါတို့  အချစ်အတွက်တော့
အဓိပ္ပါယ်ရှိခြင်းက မရှိခြင်း
ပြည့်စုံခြင်းက မပြည့်စုံခြင်း မည်ရင်တောင်
ငါ့ဘေးမှာ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ အချိန်ကုန်နေရင် လုံလောက်ပြီ
ဒီတော့ ပျင်းရိ ငြီးငွေ့ စရာကောင်းတဲ့ အကြောင်းတွေဘေးချိတ်ထားပြီး
ချစ်တယ် ................
ချစ်တယ် ................
ဆိုတာတွေဘဲ ထပ်ကာထပ်ကာ ပြောနေမယ်

သုဇာဏီ

myshoot

Thursday, August 26, 2010

ဝေးခြင်း(သို့) ငါ

နေ့တွေကပျောက် ညတွေကခြောက်
ငါဘဝခါးခါးထဲ ဖြတ်လျှောက်
မလွမ်းလောက်ဘူးဆိုတဲ့
တမ်းတခြင်းရဲ့ ကောင်းကင်မှာ
မျက်ရည်မြစ် တချို့ စီးဆင်းခဲ့။

တိမ်ညိုတွေအုံ့ဆိုင်းတဲ့ ကမ္ဘာ
သတိရခြင်း မိုးရေတွေထဲ
ငါခဏခဏ ခြေချော်လဲခဲ့။

ဒီအိပ်မက်တွေထဲ မျှောလွှင့်ရင်း
အပြန်လမ်းတွေ ပျောက်ရှခဲ့။

နေမပျော်တဲ့နေ့တွေ မောင်းထုတ်
ကိုယ်ထင်တာ ကိုယ်လုပ်
ခပ်စုပ်စုပ် အောင်မြင်မှုနဲ့
စံပျော်ရာ ဘုံနန်းဆောင်ထဲ
ငရဲခန်းရဲ့ အပြာရောင်ရယ်သံတွေကြား
ငါ့အဖော်တွေနဲ့ငါ နစ်နစ်သွားတဲ့ည
အလင်းတန်းတွေ
အိမ်ပြန်လမ်းပေါ်ပြုတ်ပြုတ်ကျ
ငါ့ကမ္ဘာထဲက နေ ငါ့ရင်ထဲက နွေ
နေ့တွေထဲက နင်မရှိ ညတွေ
ညတွေထဲက နင်မရှိ ဘဝတွေ
တစ်ယောက်ထဲ ဆက်စပ်မရတုန်း
နင်နဲ့ငါတော့ ဝေးနေကြအုန်းမယ်။


သုဇာဏီ

Tuesday, August 24, 2010

ခုတလောမှာ

ခုတလော
သက်ပြင်းတွေ ခဏခဏ မှုတ်ထုတ်နေရတယ်
မွန်းကျပ်မှုတွေဟာ ငါ့လေထုရဲ့ ကောင်းကင်တစ်ခုလို 
ရင်ထဲမှာ ဒေါသမီးတောင်တွေ ဘယ်နှစ်ကြိမ်မြောက် ပေါက်ကွဲခြင်းလဲမမှတ်မိ
ငါ့ကိုယ်ငါ ခဏခဏ သဂြိုင်္လ်ရတယ်
ဒါ အကြိမ်ကြိမ်သေတဲ့ သူရဲဘောကြောင်တတ်တဲ့ သူတွေလိုပေါ့
ဒါပေမဲ့ ငါမလွတ်မြောက်နိုင်သေးဘူး ။

ခုတလော
ဆွဲဆောင်မှုကောင်းတဲ့ နံရံတွေဟာ
ငါခေါင်းနဲ့ တိုက်ဖို့ တမင်ဖန်တီးထားတာ တူရဲ့
ငါ့ခေါင်းလောင်းကိုငါဆွဲပြီး  ငါ့ဝိဥာဉ်ကို ငါခေါ်မယ်
မင်းတို့မသိတဲ့ အရပ်မှာ ငါဈာပန ကို ငါလိုက်ပို့မယ်
ပြီးရင် အသံမထွက်ဘဲ ငါအော်မယ်
မသနားကြပါနဲ့ ဒီကောင်မိုက်မဲ လွန်းသူပါ
ဒီလိုအဆုံးသတ်တွေ ကိုမပြင်ကြနဲ့

ငါ့ကိုမပွေ့ဖက်ကြနဲ့ မနမ်းရှိုက်ကြနဲ့
မငိုကြပါနဲ့တော့ ဟန်မဆောင်ကြပါနဲ့တော့
မင်းတို့လိုချင်တာတွေ ယူကုန်ကြပါလေ
ငါပေးစရာတွေ မမှတ်မိတော့လို့
ခေါင်းစဉ်တွေ မတူရင်ခဲ့လည်း
အခုတလောမှာ

အခုတလောမှာ
အခုတလောမှာ
ငါ့ဈာပနကို
ငါကိုယ်တိုင် သဂြို င်္လ် လိုက်ပြီ။


သုဇာဏီ

၃၄ ဘူတာ

နေပူရင် ဖုန်ထူ
 မိုးရွာတော့ ဗွက်ထ
လျပ်စစ်မီးခဏခဏ မရတဲ့
မြို့တော်ဟောင်း တစ်ခုကနေ
မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့
ကျောကုန်းဟင်းလင်းပွင့် မြို့တော်ဆီကိုသွားဖို့
လေယာဉ်လက်မှတ်တစ်စောင် အပြေးအလွှားဝယ်
မပြတ်သေးတဲ့ သံယောဇဉ်တွေထားခဲ့
၁ ဒဿမ ၆ မီလီမီတာအောက်ထိရောက်အောင်
အလုပ်လုပ်နေရတဲ့ တာယာနဲ့ ဘတ်စ်ကားတွေကို စွန့်ခွာ
မေတ္တာတရားနဲ့ အသံမစဲတရားတွေ မနာကြားဘဲ
မျက်နှာငယ်တဲ့ အနီရောင် စာအုပ်လေးကိုင်ပြီး
မကြောက်မရွှံ့ ဝေဟင်ပေါ် ပျံခဲ့ပေါ့။

သံသယမျက်လုံးတွေအောက်မှာ ဒုတိယမ္မိအစစ်အဆေးခံ
ခွက်ခွက်လန်အောင်ပြုံးပြ
အားနည်းလှတဲ့ အဿပြာဒေါ်လာနဲ့
ပေါင်ပေါ်မြို့တော်ကိုဝင်ခဲ့ပေါ့
စွန်တစ်ကောင်လို ကြိုးမပြတ်ခင်ထိပျော်
သံပတ်မပါတဲ့ နိုးစက်နဲ့အိပ်
အိပ်တဝက် နိုးတဝက် မိုးလင်း
ရုံးတက် ရုံးဆင်း ခပ်ကျပ်ကျပ်
ရော့ကာတစ်ယောက်ဘောင်းဘီလို
အဲယားကွန်းပါ ရထားကိုစီးလာခဲ့တာလေ။

သုဇာဏီ

ချစ်ခြင်းမေတ္တာ

ငါ့မှာ နားတွေရှိတယ်
င့ါမှာ မျက်လုံးတွေရှိတယ်
ငါ့မှာ ကြင်နာတတ်တဲ့နှလုံးသားတွေရှိတယ်
ကြေကွဲခြင်းတွေရှိတယ်
လွမ်းဆွတ် တမ်းတခြင်းတွေရှိတယ်
နောက်ပြီး ......
ခွင့်လွှတ်ခြင်းရှိတယ်။

သုဇာဏီ

ချစ်သူ့ သဘောထား

ချစ်သူရယ်.......

            ငါတို့အိပ်မက်တွေ ထုဆစ်ဖို့ လုံးလောက်တဲ့ အချိန် အတိုင်းအတာတွေ နဲ့
ပြင်ဆင်ရအောင်နော် မတော်လောဘ အပြစ်မကင်းတဲ့ သစ်သီးတွေ ငါတို့မစားဘူး
လောကရဲ့  သာယာချို မြိန်ခြင်းချစ်ခြင်းတရားတွေ ကိုသယ်ဆောင်စို့
ငါတို့ ရောင့်ရဲ ကြစို့ ရုပ်ဝထ္တု ပစ္စည်းတွေ လွှမ်းမိုးမှု့ မရှိတဲ့ နေရာလေးမှာနေထိုင်ကြစို့
မတရားမှုတွေ တို့မလုပ်ဘူး မျှတတဲ့ သဘောထားနဲ့ လူတိုင်းကို ကြင်နာမယ်
ဘယ်သူမှ အသိအမှတ်မပြုရင်လဲ ငါတို့နှစ်ယောက် ရှေ့ဆက်မယ်
ငါတို့ရဲ အသွေးအသက်တွေ တည်မြဲ နေသရွှေ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်မယ်
ပူလောင်မှုတွေ ငါတို့ မယူဘူး ငါတို့ မထိဘူး ငါတို့ကိုယ်ထဲ မစီးဝင်စေရဘူး

Monday, August 23, 2010

ဝါသနာ

ကျွန်တော့်မှာ ဘယ်အချိန်ကရှိနေမှန်းမသိတဲ့ဝါသနာတွေ ဟာ အခွင့်အရေး၇တာနဲ့ အဖြည်းဖြည် ပေါ်လာပါတော့တယ်

ခုတလော

ခုတလော လုပ်ဖြစ်တဲ့ အလုပ်တွေ
ခုတလော ပြောဖြစ်တဲ့ စကားတွေ
ခုတလောခင်မင်ခဲ့ တဲ့ သူတွေ
ခုတလောတွေးတဲ့ အတွေးတွေ
အားလုံးအားလုံး ကို ခံစားလျှက်

သုဇာဏီ

photos