ခုတလော
သက်ပြင်းတွေ ခဏခဏ မှုတ်ထုတ်နေရတယ်
မွန်းကျပ်မှုတွေဟာ ငါ့လေထုရဲ့ ကောင်းကင်တစ်ခုလို
ရင်ထဲမှာ ဒေါသမီးတောင်တွေ ဘယ်နှစ်ကြိမ်မြောက် ပေါက်ကွဲခြင်းလဲမမှတ်မိ
ငါ့ကိုယ်ငါ ခဏခဏ သဂြိုင်္လ်ရတယ်
ဒါ အကြိမ်ကြိမ်သေတဲ့ သူရဲဘောကြောင်တတ်တဲ့ သူတွေလိုပေါ့
ဒါပေမဲ့ ငါမလွတ်မြောက်နိုင်သေးဘူး ။
ခုတလော
ဆွဲဆောင်မှုကောင်းတဲ့ နံရံတွေဟာ
ငါခေါင်းနဲ့ တိုက်ဖို့ တမင်ဖန်တီးထားတာ တူရဲ့
ငါ့ခေါင်းလောင်းကိုငါဆွဲပြီး ငါ့ဝိဥာဉ်ကို ငါခေါ်မယ်
မင်းတို့မသိတဲ့ အရပ်မှာ ငါဈာပန ကို ငါလိုက်ပို့မယ်
ပြီးရင် အသံမထွက်ဘဲ ငါအော်မယ်
မသနားကြပါနဲ့ ဒီကောင်မိုက်မဲ လွန်းသူပါ
ဒီလိုအဆုံးသတ်တွေ ကိုမပြင်ကြနဲ့
ငါ့ကိုမပွေ့ဖက်ကြနဲ့ မနမ်းရှိုက်ကြနဲ့
မငိုကြပါနဲ့တော့ ဟန်မဆောင်ကြပါနဲ့တော့
မင်းတို့လိုချင်တာတွေ ယူကုန်ကြပါလေ
ငါပေးစရာတွေ မမှတ်မိတော့လို့
ခေါင်းစဉ်တွေ မတူရင်ခဲ့လည်း
အခုတလောမှာ
အခုတလောမှာ
အခုတလောမှာ
ငါ့ဈာပနကို
ငါကိုယ်တိုင် သဂြို င်္လ် လိုက်ပြီ။
သုဇာဏီ
No comments: