" မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ခင်ဗျာ အိပ်မက်နိဒါန်း မှ လှိုက်လှဲစွာကြိုဆိုပါတယ် "

ရိုက်ချက်များ

ရိုက်ချက်များ
ကျိုက်ထီးရိုး

Tuesday, August 24, 2010

ချစ်သူ့ သဘောထား

ချစ်သူရယ်.......

            ငါတို့အိပ်မက်တွေ ထုဆစ်ဖို့ လုံးလောက်တဲ့ အချိန် အတိုင်းအတာတွေ နဲ့
ပြင်ဆင်ရအောင်နော် မတော်လောဘ အပြစ်မကင်းတဲ့ သစ်သီးတွေ ငါတို့မစားဘူး
လောကရဲ့  သာယာချို မြိန်ခြင်းချစ်ခြင်းတရားတွေ ကိုသယ်ဆောင်စို့
ငါတို့ ရောင့်ရဲ ကြစို့ ရုပ်ဝထ္တု ပစ္စည်းတွေ လွှမ်းမိုးမှု့ မရှိတဲ့ နေရာလေးမှာနေထိုင်ကြစို့
မတရားမှုတွေ တို့မလုပ်ဘူး မျှတတဲ့ သဘောထားနဲ့ လူတိုင်းကို ကြင်နာမယ်
ဘယ်သူမှ အသိအမှတ်မပြုရင်လဲ ငါတို့နှစ်ယောက် ရှေ့ဆက်မယ်
ငါတို့ရဲ အသွေးအသက်တွေ တည်မြဲ နေသရွှေ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်မယ်
ပူလောင်မှုတွေ ငါတို့ မယူဘူး ငါတို့ မထိဘူး ငါတို့ကိုယ်ထဲ မစီးဝင်စေရဘူး

လောဘတွေတွေ ကိုပယ်ကြမယ် ဒေါသတွေ မရှိကြေး
အတတ်နိုင်ဆုံး အေးချမ်းတဲ့ ဘဝ ကိုတည်ဆောက်ကြစို့
ငါတို့မှာ သာယာတဲ့ အနာဂတ် ရှိစေရမယ်
သဘာဝ အတိုင်းဖြစ်တည်တဲ့ ချစ်ခြင်းတရားကို ထိန်းသိမ်းစောင့်ရှောက်မယ်
တို့တွေ ဘာတွေဖြစ်ဖြစ် အပြစ်မမြင်ဘဲ ချစ်ကြမယ်
ကဲ အခုဆို ဘယ်လောက်လှပတဲ့ ဘဝလေးလည်း
ဒါဆိုရင် ငါတို့ အတွက်လုံလောက်တဲ့ အချစ်တွေဖြစ်နိုင်ပြီပေါ့။
တိတ်တိတ်လေးဘဲ ဖြစ်ဖြစ် တို့နှစ်ယောက် ခဏ ခဏ ယုံကြည်ကြစို့ ။

သုဇာဏီ

photos