သူငယ်ချင်း
အေးခဲနေတဲ့ အတ္တမြစ်တွေထဲက
မိုက်မဲမှုတွေအရည်ပျော်မကျခင်ထိ
ငါတို့ဟာ အကောင်းပကတိ ရိုးသားသူတွေပေါ့။
စကားလုံး အကြီးကြီးတွေနဲ့ ပစ်ပေါက်ရင်းအချိန်ဖြုန်း
ကိုယ့်ကိုကိုယ်တောင် မလုံခြုံတော့တဲ့ သစ္စာတရားနဲ့
အိပ်မက်ခါးခါးတွေ ထုဆစ်ရင်းတည်ဆောက်
အငှားမျက်နှာမှာ လျှံကျတဲ့ အပြုံးတပ်
လုပ်ဇာတ်တွေနဲ့ ချာချာလည်ရင်း
ဘဝမှားပေါ် ဆက်လျှောက် အသိပျောက်တဲ့ ငမိုက်သား
တနေ့ ဘယ်လမ်းကို ဆက်သွားမှာလည်း။
ရှင်သန်ခြင်းနဲ့ သန့်ရှင်းခြင်း အမည်နာမကြား
မကွဲပြားတဲ့ အသိနဲ့မိုက်မှား အလကားပါဆိုတဲ့ အတွေးများနဲ့
စားနေတဲ့ ထမင်းရဲ့အရသာကို အဓိပ္ပါယ် ဘာမှန်းမသိ
သန်းခေါင်ကျော် ညည ခေါင်းချလို့မှ အိပ်မပျော်ရင်
လူလိုဟန်လုပ်ပြီး အသက်ရှည်လည်း
အလကားအပိုတွေဘဲ။
သန့်ရှင်းတဲ့ ဘဝထဲမှာနေ ရိုးသားတဲ့ ဘဝထဲမှာသေဖို့
အပူအပင်ကင်းတဲ့ မနက်စာကို အခွင့်ရရင် အတူစားဖို့
လတ်ဆတ်တဲ့ ဖိတ်စာတစ်စောင်တော့
ငါပို့ဖြစ်အောင် ပို့လိုက်မယ်။
သုဇာဏီ
အိပ်မက်တစ်ခုအတွက် နိဒါန်းပျိုးပုံဖေါ် နေသူ(သို့)ကျွန်တော့်ရင်ထဲက ဖေါ်ပြလို့မရတဲ့ ခံစာချက်တော်တော်များနဲ့ အကြောင်းအရာတွေကို ဒီအိပ်မက်နိဒါန်း မျှော်လင့်ခြင်း အလွမ်းများ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဒီနေရာက ဖေါ်ပြလိုက်ပါတယ်။
Tuesday, August 31, 2010
Friday, August 27, 2010
အချစ်
ပြောလေ မင်းတို့ ဆက်ပြော
ငါ့နှလုံးသားမှာ ဒါဏ်ရာတွေ ဗရပွနဲ့  ခါးသီးနာကျင်နေတောင်မှ
မင်ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ ပြောကြပါစေ
အဓိပ္ပါယ် မရှိဘူး
ဘဝဆိုတာ တနေကုန်တနေခမ်း
လွတ်လပ်မှူ့ ကို ရောင်းစားပြီးငွေရှာနေရတာ
နေပါစေ
ဘာတစ်ခုမှ မရခဲ့ရင်လည်း
ငါ့ကောင်းကင် တစ်ခုလုံးပြိုကျ
ငါ့နှလုံးသားပေါ် အက်စစ်မိုးတွေ ရွာနေရင်တောင်
စတေးခံရဲတယ်ဆိုတဲ့ အချစ်တွေနဲ့ 
့
နေပါစေ
ဘာတစ်ခုမှ အရာမထင်ရင်ခဲ့တောင်
အတူရှိခဲ့ဘူးတဲ့ တချိန်က အလွမ်းငွေ့ ငွေ့ တွေနဲ့  ကျေနပ်မယ်
ငါတို့  အချစ်အတွက်တော့
အဓိပ္ပါယ်ရှိခြင်းက မရှိခြင်း
ပြည့်စုံခြင်းက မပြည့်စုံခြင်း မည်ရင်တောင်
ငါ့ဘေးမှာ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ အချိန်ကုန်နေရင် လုံလောက်ပြီ
ဒီတော့ ပျင်းရိ ငြီးငွေ့ စရာကောင်းတဲ့ အကြောင်းတွေဘေးချိတ်ထားပြီး
ချစ်တယ် ................
ချစ်တယ် ................
ဆိုတာတွေဘဲ ထပ်ကာထပ်ကာ ပြောနေမယ်
သုဇာဏီ
ငါ့နှလုံးသားမှာ ဒါဏ်ရာတွေ ဗရပွနဲ့  ခါးသီးနာကျင်နေတောင်မှ
မင်ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ ပြောကြပါစေ
အဓိပ္ပါယ် မရှိဘူး
ဘဝဆိုတာ တနေကုန်တနေခမ်း
လွတ်လပ်မှူ့ ကို ရောင်းစားပြီးငွေရှာနေရတာ
နေပါစေ
ဘာတစ်ခုမှ မရခဲ့ရင်လည်း
ငါ့ကောင်းကင် တစ်ခုလုံးပြိုကျ
ငါ့နှလုံးသားပေါ် အက်စစ်မိုးတွေ ရွာနေရင်တောင်
စတေးခံရဲတယ်ဆိုတဲ့ အချစ်တွေနဲ့ 
့
နေပါစေ
ဘာတစ်ခုမှ အရာမထင်ရင်ခဲ့တောင်
အတူရှိခဲ့ဘူးတဲ့ တချိန်က အလွမ်းငွေ့ ငွေ့ တွေနဲ့  ကျေနပ်မယ်
ငါတို့  အချစ်အတွက်တော့
အဓိပ္ပါယ်ရှိခြင်းက မရှိခြင်း
ပြည့်စုံခြင်းက မပြည့်စုံခြင်း မည်ရင်တောင်
ငါ့ဘေးမှာ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ အချိန်ကုန်နေရင် လုံလောက်ပြီ
ဒီတော့ ပျင်းရိ ငြီးငွေ့ စရာကောင်းတဲ့ အကြောင်းတွေဘေးချိတ်ထားပြီး
ချစ်တယ် ................
ချစ်တယ် ................
ဆိုတာတွေဘဲ ထပ်ကာထပ်ကာ ပြောနေမယ်
သုဇာဏီ
Thursday, August 26, 2010
ဝေးခြင်း(သို့) ငါ
နေ့တွေကပျောက် ညတွေကခြောက်
ငါဘဝခါးခါးထဲ ဖြတ်လျှောက်
မလွမ်းလောက်ဘူးဆိုတဲ့
တမ်းတခြင်းရဲ့ ကောင်းကင်မှာ
မျက်ရည်မြစ် တချို့ စီးဆင်းခဲ့။
တိမ်ညိုတွေအုံ့ဆိုင်းတဲ့ ကမ္ဘာ
သတိရခြင်း မိုးရေတွေထဲ
ငါခဏခဏ ခြေချော်လဲခဲ့။
ဒီအိပ်မက်တွေထဲ မျှောလွှင့်ရင်း
အပြန်လမ်းတွေ ပျောက်ရှခဲ့။
နေမပျော်တဲ့နေ့တွေ မောင်းထုတ်
ကိုယ်ထင်တာ ကိုယ်လုပ်
ခပ်စုပ်စုပ် အောင်မြင်မှုနဲ့
စံပျော်ရာ ဘုံနန်းဆောင်ထဲ
ငရဲခန်းရဲ့ အပြာရောင်ရယ်သံတွေကြား
ငါ့အဖော်တွေနဲ့ငါ နစ်နစ်သွားတဲ့ည
အလင်းတန်းတွေ
အိမ်ပြန်လမ်းပေါ်ပြုတ်ပြုတ်ကျ
ငါ့ကမ္ဘာထဲက နေ ငါ့ရင်ထဲက နွေ
နေ့တွေထဲက နင်မရှိ ညတွေ
ညတွေထဲက နင်မရှိ ဘဝတွေ
တစ်ယောက်ထဲ ဆက်စပ်မရတုန်း
နင်နဲ့ငါတော့ ဝေးနေကြအုန်းမယ်။
သုဇာဏီ
Labels:
ကဗျာ
Tuesday, August 24, 2010
ခုတလောမှာ
ခုတလော
သက်ပြင်းတွေ ခဏခဏ မှုတ်ထုတ်နေရတယ်
မွန်းကျပ်မှုတွေဟာ ငါ့လေထုရဲ့ ကောင်းကင်တစ်ခုလို
ရင်ထဲမှာ ဒေါသမီးတောင်တွေ ဘယ်နှစ်ကြိမ်မြောက် ပေါက်ကွဲခြင်းလဲမမှတ်မိ
ငါ့ကိုယ်ငါ ခဏခဏ သဂြိုင်္လ်ရတယ်
ဒါ အကြိမ်ကြိမ်သေတဲ့ သူရဲဘောကြောင်တတ်တဲ့ သူတွေလိုပေါ့
ဒါပေမဲ့ ငါမလွတ်မြောက်နိုင်သေးဘူး ။
ခုတလော
ဆွဲဆောင်မှုကောင်းတဲ့ နံရံတွေဟာ
ငါခေါင်းနဲ့ တိုက်ဖို့ တမင်ဖန်တီးထားတာ တူရဲ့
ငါ့ခေါင်းလောင်းကိုငါဆွဲပြီး ငါ့ဝိဥာဉ်ကို ငါခေါ်မယ်
မင်းတို့မသိတဲ့ အရပ်မှာ ငါဈာပန ကို ငါလိုက်ပို့မယ်
ပြီးရင် အသံမထွက်ဘဲ ငါအော်မယ်
မသနားကြပါနဲ့ ဒီကောင်မိုက်မဲ လွန်းသူပါ
ဒီလိုအဆုံးသတ်တွေ ကိုမပြင်ကြနဲ့
ငါ့ကိုမပွေ့ဖက်ကြနဲ့ မနမ်းရှိုက်ကြနဲ့
မငိုကြပါနဲ့တော့ ဟန်မဆောင်ကြပါနဲ့တော့
မင်းတို့လိုချင်တာတွေ ယူကုန်ကြပါလေ
ငါပေးစရာတွေ မမှတ်မိတော့လို့
ခေါင်းစဉ်တွေ မတူရင်ခဲ့လည်း
အခုတလောမှာ
အခုတလောမှာ
အခုတလောမှာ
ငါ့ဈာပနကို
ငါကိုယ်တိုင် သဂြို င်္လ် လိုက်ပြီ။
သုဇာဏီ
Labels:
ကဗျာ
Subscribe to:
Posts (Atom)
