နေပူရင် ဖုန်ထူ
မိုးရွာတော့ ဗွက်ထ
မိုးရွာတော့ ဗွက်ထ
လျပ်စစ်မီးခဏခဏ မရတဲ့
မြို့တော်ဟောင်း တစ်ခုကနေ
မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့
ကျောကုန်းဟင်းလင်းပွင့် မြို့တော်ဆီကိုသွားဖို့
လေယာဉ်လက်မှတ်တစ်စောင် အပြေးအလွှားဝယ်
မပြတ်သေးတဲ့ သံယောဇဉ်တွေထားခဲ့
၁ ဒဿမ ၆ မီလီမီတာအောက်ထိရောက်အောင်
အလုပ်လုပ်နေရတဲ့ တာယာနဲ့ ဘတ်စ်ကားတွေကို စွန့်ခွာ
မေတ္တာတရားနဲ့ အသံမစဲတရားတွေ မနာကြားဘဲ
မျက်နှာငယ်တဲ့ အနီရောင် စာအုပ်လေးကိုင်ပြီး
မကြောက်မရွှံ့ ဝေဟင်ပေါ် ပျံခဲ့ပေါ့။
သံသယမျက်လုံးတွေအောက်မှာ ဒုတိယမ္မိအစစ်အဆေးခံ
ခွက်ခွက်လန်အောင်ပြုံးပြ
အားနည်းလှတဲ့ အဿပြာဒေါ်လာနဲ့
ပေါင်ပေါ်မြို့တော်ကိုဝင်ခဲ့ပေါ့
စွန်တစ်ကောင်လို ကြိုးမပြတ်ခင်ထိပျော်
သံပတ်မပါတဲ့ နိုးစက်နဲ့အိပ်
အိပ်တဝက် နိုးတဝက် မိုးလင်း
ရုံးတက် ရုံးဆင်း ခပ်ကျပ်ကျပ်
ရော့ကာတစ်ယောက်ဘောင်းဘီလို
အဲယားကွန်းပါ ရထားကိုစီးလာခဲ့တာလေ။
သုဇာဏီ
No comments: