အိပ်မက်တစ်ခုအတွက် နိဒါန်းပျိုးပုံဖေါ် နေသူ(သို့)ကျွန်တော့်ရင်ထဲက ဖေါ်ပြလို့မရတဲ့ ခံစာချက်တော်တော်များနဲ့ အကြောင်းအရာတွေကို ဒီအိပ်မက်နိဒါန်း မျှော်လင့်ခြင်း အလွမ်းများ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဒီနေရာက ဖေါ်ပြလိုက်ပါတယ်။
Saturday, October 2, 2010
Thursday, September 9, 2010
Tuesday, August 31, 2010
အတို အရှည်
သူငယ်ချင်း
အေးခဲနေတဲ့ အတ္တမြစ်တွေထဲက
မိုက်မဲမှုတွေအရည်ပျော်မကျခင်ထိ
ငါတို့ဟာ အကောင်းပကတိ ရိုးသားသူတွေပေါ့။
စကားလုံး အကြီးကြီးတွေနဲ့ ပစ်ပေါက်ရင်းအချိန်ဖြုန်း
ကိုယ့်ကိုကိုယ်တောင် မလုံခြုံတော့တဲ့ သစ္စာတရားနဲ့
အိပ်မက်ခါးခါးတွေ ထုဆစ်ရင်းတည်ဆောက်
အငှားမျက်နှာမှာ လျှံကျတဲ့ အပြုံးတပ်
လုပ်ဇာတ်တွေနဲ့ ချာချာလည်ရင်း
ဘဝမှားပေါ် ဆက်လျှောက် အသိပျောက်တဲ့ ငမိုက်သား
တနေ့ ဘယ်လမ်းကို ဆက်သွားမှာလည်း။
ရှင်သန်ခြင်းနဲ့ သန့်ရှင်းခြင်း အမည်နာမကြား
မကွဲပြားတဲ့ အသိနဲ့မိုက်မှား အလကားပါဆိုတဲ့ အတွေးများနဲ့
စားနေတဲ့ ထမင်းရဲ့အရသာကို အဓိပ္ပါယ် ဘာမှန်းမသိ
သန်းခေါင်ကျော် ညည ခေါင်းချလို့မှ အိပ်မပျော်ရင်
လူလိုဟန်လုပ်ပြီး အသက်ရှည်လည်း
အလကားအပိုတွေဘဲ။
သန့်ရှင်းတဲ့ ဘဝထဲမှာနေ ရိုးသားတဲ့ ဘဝထဲမှာသေဖို့
အပူအပင်ကင်းတဲ့ မနက်စာကို အခွင့်ရရင် အတူစားဖို့
လတ်ဆတ်တဲ့ ဖိတ်စာတစ်စောင်တော့
ငါပို့ဖြစ်အောင် ပို့လိုက်မယ်။
သုဇာဏီ

Labels:
ကဗျာ
Subscribe to:
Posts (Atom)